Announcement -4

ရန်ကုန်အဝေးသင်တက္ကသိုလ်(ဟင်္သာတဌာနခွဲ)

ဘွဲ့နှင်းသဘင်လျောက်လွှာခေါ်ယူခြင်း

၁။        ၂၀၁၆ ပညာသင်နှစ်အတွက် ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ကျင်းပခဲ့သော ရန်ကုန်အဝေးသင် (ဘွဲ့) စာမေးပွဲကို အောင်မြင်ခဲ့ကြသည့် ရန်ကုန်အဝေးသင်တက္ကသိုလ်(ဟင်္သာတဌာနခွဲ)မှ ကျောင်းသား၊ ကျောင်းသူများသည် ဘွဲ့နှင်းသဘင်တက်ရောက်ရန် (သို့မဟုတ်) အဝေးရောက်ဘွဲ့ယူရန် လျောက်ထားနိုင် ကြပါသည်။

၂။         လျောက်လွှာပုံစံကို (၁   x ၂) လက်အရွယ် ဆေးသားကောင်းသည့် ဓာတ်ပုံအသစ်(၂)ပုံ (ဓာတ်ပုံတွင် လက်ပြတ် အင်္ကျီမဖြစ်စေရ) နှင့် မှတ်ပုံတင်မိတ္တူတို့ကို ပူးတွဲ၍ (၂၅-၈-၂၀၁၇) ရက်နေ့ နောက်ဆုံးထားလျောက်ထားရပါမည်။

၃။        ဘွဲ့နှင်းသဘင်တက်ရောက်၍ ဘွဲ့ယူလိုသူပုဂ္ဂိုလ်များသည် ဘွဲ့နှင်းကြေး ၁၅၀၀ိ/- (ကျပ်တစ်ထောင့်ငါးရာတိတိ/-) ကိုလည်းကောင်း၊ အဝေးရောက်ဘွဲ့ယူလိုသူပုဂ္ဂိုလ်များသည် အဝေးရောက်ဘွဲ့ကြေး ၁၀၀၀ိ/- (ကျပ်တစ်ထောင် တိတိ/-) ကို လည်းကောင်းပေးသွင်းရပါမည်။

၄။        ဘွဲ့နှင်းသဘင်လျောက်လွှာပုံစံများကို ရန်ကုန်အဝေးသင်တက္ကသိုလ်(ဟင်္သာတဌာနခွဲ)တွင် အခမဲ့ရယူနိုင်ပါသည်။

၅။        လျောက်လွှာပုံစံကို ပြည့်စုံမှန်ကန်စွာဖြည့်စွက်ပြီး သက်ဆိုင်ရာဌာနခွဲသို့ ပေးသွင်းရန်ရှိသော ငွေကြေးများပေးဆောင် ပြီးဖြစ်ကြောင်း ထောက်ခံချက်ရယူ၍ သတ်မှတ်ဘွဲ့နှင်းကြေးများကို ရန်ကုန်အဝေးသင်တက္ကသိုလ်(ဟင်္သာတဌာနခွဲ) တွင် ပေးသွင်းလျောက်ထားရမည်။

၆။        နယ်မှလျောက်ထားသူများသည် သတ်မှတ်ကြေးများကို သက်ဆိုင်ရာ အ​ေးသင်ဌာနခွဲသို့ စာတိုက်ငွေပို့လွှာ (Postal Money Order)ဖြင့် ပေးပို့နိုင်ပါသည်။ ငွေပို့လွှာအောက်ခြေ၌ ဘွဲ့နှင်းသဘင်ကြေးဟု ထင်ရှားစွာ ရေးသား၍ လျောက်လွှာရှင်၏ အမည်၊ နိုင်ငံသာစိစစ်ရေးကတ်အမှတ်၊ ဖခင်အမည်၊ ခုံအမှတ်၊ အထူးပြုဘာသာ စသည်တို့ကို တိကျစွာဖော်ပြရပါမည်။

၇။        လျောက်လွှာပုံစံကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်သော်လည်း၊ မိမိတို့နှင့်သက်ဆိုင်သည့် အဝေးသင်ဌာနခွဲမှတစ်ဆင့် စိစစ်ခြင်းမပြုလျင်သော်လည်းကောင်း၊ ဘွဲ့ဆိုင်ရာကျသင့်ငွေပေးသွင်းခြင်း မပြုလျင်သော်လည်းကောင်း၊ အချိန်မီ ပေးပို့ခြင်းမပြုလျင်သော်လည်းကောင်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ်က ဘွဲ့အပ်နှင်းပေးမည်မဟုတ်ပါ။

၈။        ၂၀၁၆ ပညာသင်နှစ်မတိုင်မီက ဘွဲ့စာမေးပွဲအောင်မြင်သူများသည် အဝေးရောက်ဘွဲ့အတွက်သာလျင် လျောက်ထား နိုင်ပါသည်။

၉။        တက်ရောက်ဘွဲ့လျောက်ထားပြီး ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ရန် ပျက်ကွက်သူများ၏ ဘွဲ့လက်မှတ် များကို အဝေးရောက်ဘွဲ့လက်မှတ်များထုတ်ပေးသည့် အချိန်မှသာ ထုတ်ပေးမည်ဖြစ်ပါသည်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *