History of Hinthada University (Myanmar)

ဟင်္သာတတက္ကသိုလ် သမိုင်းအကျဉ်းချုပ်

ဟင်္သာတတက္ကသိုလ်သည် ဧရာဝတီတိုင်းဒေသကြီး အမှတ်(၂)ဒေသကောလိပ်မှ စတင်ခဲ့ ပါသည်။ (၁၉၇၈) ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့ (၁၉၇၈-၇၉) ပညာသင်နှစ်မှစ၍ ဧရာဝတီတိုင်း အမှတ်(၂) ဟင်္သာတဒေသကောလိပ်ကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ စတင်ဖွင့်လှစ်စဉ်က မြို့တွင်းယာယီ ဒေသကောလိပ်အဖြစ် ဖွင့်လှစ်ခဲ့ရာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ (၂)ထပ် စာသင်ဆောင်(၂)ဆောင်ကို ဆင်းရွှေသွယ်နှင့် ရွှေတဆုပ်ဟုလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဖွင့်လှစ်ထားသည့် (Cumming Hostel) ကို ဆင်းရွှေဝါဟုလည်းကောင်း အမည်ပေးခဲ့ပါသည်။ ယခင် ကစက်မှုလက်မှုအထက်တန်းကျောင်း အပေါ်ထပ်ရှိရွှေဝါထွန်းခန်းမနှင့် အားကစားခန်းမတို့ကိုလည်း ဒေသကောလိပ်စာသင်ဆောင် စာသင်ခန်းများအဖြစ် အသုံးပြုခဲ့ပါသည်။ (၁၉၇၈-၇၉) ပညာသင်နှစ် စတင်ဖွင့်လှစ်ခဲ့စဉ်က နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ အင်အား(၃၉)ဦး၊ စီမံခန့်ခွဲရေးဝန်ထမ်း(၂၇)ဦး ရှိပါသည်။

ဟင်္သာတဒေသကောလိပ်ကို (၁၈-၁၂-၁၉၇၈)တွင် စတင်ဖွင့်လှစ်ခဲ့ပြီး
(၁-၄-၁၉၈၀) တွင် ဟင်္သာတကောလိပ်အဖြစ်လည်းကောင်း
(၂၀-၂-၂၀၀၁) တွင် ဟင်္သာတဒီဂရီကောလိပ်အဖြစ်လည်းကောင်း
(၂၈-၉-၂၀၀၁)တွင် ဟင်္သာတတက္ကသိုလ်အဖြစ်လည်းကောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။
ဟင်္သာတတက္ကသိုလ်သည် ဟင်္သာတမြို့၏ အနောက်တောင်အရပ် နတ်မော်လမ်းနှင့် အင်္ဂပိုလမ်းကို ဆက်သွယ်ထားသည့် မြို့ပတ်လမ်းမကြီးပေါ်တွင် တည်ရှိပြီး အရှေ့ဘက်တွင် မြဝတီ ရပ်ကွက်၊ အနောက်ဘက်တွင် ရွာသာကုန်းကျေးရွာအုပ်စု၊ မြောက်ဘက်တွင် လယ်တီကွင်းရပ်ကွက်တို့ တည်ရှိပါသည်။ မြေဧရိယာအကျယ်အဝန်းမှာ စတင်ဖွင့်လှစ်စဉ်က ၃၆.၇၅ ဧကသာရှိသော်လည်း            (၂၉-၃-၉၂) ရက်နေ့တွင် ၅၄.၇ ဧကအထိ တိုးချဲ့ပေးခဲ့သဖြင့် ယခုလက်ရှိ ၉၁.၄၅ ဧကရှိပါသည်။ ဟင်္သာတတက္ကသိုလ်တွင် ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ လေးမျက်နှာ၊ အင်္ဂပူ၊ ဇလွန်၊ ရေကြည်၊ ကျုံပျော်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများ (၃၀၀၀) ကျော်နှင့် အဝေးသင်ကျောင်းသား ကျောင်းသူ(၁၀၀၀၀) ကျော်တက်ရောက်လျှက်ရှိပါသည်။
အမျိုးသားပညာရည်မြင့်မားရေးအထူးစီမံကိန်း (အဆင့်မြင့်ပညာကဏ္ဍ) အထူးလေးနှစ် စီမံကိန်းစတင်သည့် ၂၀၀၀ ပြည့်နှစ်မှစ၍ ခေတ်မီနည်းပညာ Electronic ပစ္စည်းများ စတင်တပ်ဆင်၍  Computer Training Center ခန်းများ၊ Learning Center ခန်း၊ Language Lab များကို (၂၄-၇-၂၀၀၀) ရက်နေ့မှစ၍ အသုံးပြုခဲ့ပါသည်။

ဟင်္သာတတက္ကသိုလ်တွင် အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ကြသော ကျောင်းအုပ်ကြီးများနှင့် ပါမောက္ခချုပ်များ

ဦးစောလှိုင်    ကျောင်းအုပ်ကြီး    (၁၈-၁၂-၁၉၇၈မှ ၁၃-၆-၁၉၈၉)
ဦးတိမ်ကြည်    ကျောင်းအုပ်ကြီး    (၁၄-၁၂-၁၉၈၉ မှ ၃၁-၅-၁၉၉၂)
ဦးကြည်လွင်    ကျောင်းအုပ်ကြီး    (၂၉-၅-၁၉၉၂ မှ ၃၁-၁၀-၁၉၉၂)
ဦးစိုးလွင်    ကျောင်းအုပ်ကြီး    (၁၂-၄-၁၉၉၃ မှ ၁၅-၉-၁၉၉၄)
ဦးကျော်အေး    ကျောင်းအုပ်ကြီး    (၃၀-၈-၁၉၉၄)မှ ၁၃.၉.၁၉၉၆)
ဒေါက်တာမြင့်ကြည်    ကျောင်းအုပ်ကြီး    (၁၄-၉-၁၉၉၆ မှ ၃၁-၇-၁၉၉၇)
ဦးတင်မောင်ဦး    ကျောင်းအုပ်ကြီး    (၄-၉-၁၉၉၇ မှ ၁၂-၈-၁၉၉၈)
ဦးစိုးမြင့်    ပါမောက္ခချုပ်    (၁၃-၈-၁၉၉၉ မှ ၃၁-၈-၂၀၀၅)
ဦးခင်မောင်ချို    တာဝန်ခံပါမောက္ခချုပ်    (၉-၇-၂၀၀၄ မှ ၂၂-၆-၂၀၀၇)
ဒေါက်တာဦးဝင်း    ပါမောက္ခချုပ်    (၁-၁၀-၂၀၀၇ မှ ၁၂-၃-၂၀၀၉)
ဒေါက်တာတင်ထွန်းမြင့်    တာဝန်ခံပါမောက္ခချုပ်    (၁-၄-၂၀၀၇ မှ ၆-၃-၂၀၁၂)
ဒေါက်တာစံလင်း    တာဝန်ခံ ပါမောက္ခချုပ်    (၄-၇-၂၀၁၁ မှ ၂၈-၂-၂၀၁၅)
ဒေါက်တာအောင်ဝင်း    တာဝန်ခံ ပါမောက္ခချုပ်    (၂-၁၁-၂၀၁၂ မှ ၁၂-၈-၂၀၁၆)
ဒေါက်တာတင်ထွေး    ပါမောက္ခချုပ်    (၁၇-၃-၂၀၁၆ မှ ယနေ့ထိ)

သင်ကြားရေးဘာသာရပ် ပါမောက္ခ(ဌာနမှူး)များ

အမှတ်စဉ်  ဌာန  အမည်  ရာထူး
 မြန်မာစာ  ဒေါက်တာ တင်တင်ရွှေ    ပါမောက္ခ
 အင်္ဂလိပ်စာ  ​ဒေါက်တာ တိုးစုလှိုင်    ပါမောက္ခ
 ပထဝီဝင်  ဒေါက်တာ ကြည်ကြည်မြ  ပါမောက္ခ
 သမိုင်း  ဒေါက်တာ ရွှေဝါ  ပါမောက္ခ
 အရှေ့တိုင်းပညာ    ဒေါ်ခင်စောနွဲ့    ပါမောက္ခ
 ဒဿနိကဗေဒ    ဒေါက်တာ သင်းသင်းလဲ့  ပါမောက္ခ
 ဓာတုဗေဒ  ဒေါက်တာ သိင်္ဂီညို  ပါမောက္ခ
 ရူပဗေဒ  ဒေါက်တာ ဝင်းဝင်းသိန်း  ပါမောက္ခ
 သင်္ချာ ဒေါက်တာ ကျော်ဇောဦး  ပါမောက္ခ
၁၀  သတ္တဗေဒ  ဒေါက်တာ အေးအေးတင်  ပါမောက္ခ
၁၁  ရုက္ခဗေဒ  ဒေါက်တာ မိုးမိုးခိုင်  ပါမောက္ခ
၁၂  ဘူမိဗေဒ  ဒေါက်တာ သိင်္ဂီကျော်  ပါမောက္ခ

ဟင်္သာတတက္ကသိုလ်တွင်သင်ကြားပို့ချနေသော ဘာသာရပ်များ

စဉ် အထူးပြု ဘွဲ့ (အဝေးသင်) စဉ် အထူးပြု ဘွဲ့ (နေ့သင်တန်း)
၁။ မြန်မာစာ B.A ၁။ မြန်မာစာ B.A, M.A
၂။ အင်္ဂလိပ်စာ B.A ၂။ အင်္ဂလိပ်စာ B.A
၃။ ပထဝီဝင်  B.A ၃။  ပထဝီဝင်  B.A, M.A
၄။ သမိုင်း  B.A  ၄။  သမိုင်း  B.A, M.A
၅။  ဒဿနိကဗေဒ  B.A  ၅။  အရှေ့တိုင်းပညာ  B.A, M.A
၆။  စိတ်ပညာ  B.A  ၆။  ဒဿနိကဗေဒ  B.A, M.A
၇။  ဥပဒေ  LL.B  ၇။  ဓာတုဗေဒ  B.Sc, M.Sc, M.Res
၈။  အရှေ့တိုင်းပညာ  B.A  ၈။  ရူပဗေဒ  B.Sc, M.Sc, M.Res
၉။  ဓာတုဗေဒ    B.Sc  ၉။  သင်္ချာ    B.Sc, M.Sc
၁၀။  ရူပဗေဒ B.Sc  ၁၀။  သတ္တဗေဒ    B.Sc, M.Sc
၁၁။  သင်္ချာ  B.Sc  ၁၁။  ရုက္ခဗေဒ  B.Sc, M.Sc, M.Res
၁၂။  သတ္တဗေဒ  B.Sc  ၁၂။  ဘူမိဗေဒ  B.Sc, M.Sc
၁၃။ ရုက္ခဗေဒ B.Sc
၁၄။ စီးပွားရေး B.A(Eco)
၁၅။ မြန်မာမှု B.A(MS)
၁၆။ ရသစာပေ B.A(CW)
၁၇။ ပြည်သူ့ရေးရာ B.A(PP)
၁၈။ အိမ်တွင်းစီးပွား B.A(HE)
၁၉။ စီးပွားစီမံ B.A(BM)