Announcement

၂၀၁၈-၂၀၁၉ ပညာသင်နှစ် နေ့သင်တန်းကျောင်းသား/သူများ၏ ကျောင်းအပ်လက်ခံခြင်း၊ ဘာသာရပ်ပြောင်း၊ ကျောင်းပြောင်းခြင်း 

ပထမနှစ် ကျောင်းဝင်လက်ခံခြင်း

ကျောင်းဝင်မှတ်ပုံတင်စတင်လက်ခံရက်                –     ၁၅-၁၁-၂၀၁၈

ကျောင်းဝင်မှတ်ပုံတင် နောက်ဆုံးလက်ခံရက်         –     ၂၁-၁၂-၂၀၁၈

ဒုတိယနှစ်နှင့်အထက် ကျောင်းလက်ခံခြင်း

ကျောင်းဝင်မှတ်ပုံတင်စတင်လက်ခံရက်                –     ၂၇-၁၁-၂၀၁၈

ကျောင်းဝင်မှတ်ပုံတင် နောက်ဆုံးလက်ခံရက်         –     ၂၁-၁၂-၂၀၁၈

 

အထူးပြုဘာသာရပ်ပြောင်းခြင်း

၁။       မူလဘာသာရပ်ဖြင့်ငွေသွင်းရမည်။

၂။       ငွေသွင်းပြေစာမိတ္တူ(၁)စောင်

၃။       ဘာသာရပ်ပြောင်းလျှောက်လွှာပုံစံအား ကျောင်းသားရေးရာဌာနတွင် ထုတ်ယူဖြည့်စွက်ပြီး

၄။       မူလဘာသာရပ်၏ ပါမောက္ခ(ဌာနမှူး)မှတ်ချက်နှင့် ပြောင်းရွှေ့လိုသည့် ဘာသာရပ်၏ ပါမောက္ခ(ဌာနမှူး) မှတ်ချက်ယူရန်။

၅။       အမှတ်စာရင်းမိတ္တူနှင့်တွဲ၍ ကျောင်းသားရေးရာဌာနသို့ ပြန်လည်တင်သွင်းရမည်။

၆။       သတ်မှတ်နောက်ဆုံးရက်ကျော်လွန်ပြီးမှသာ အမည်စာရင်းထုတ်ပြန်ပေးမည်။

၇။       ဝိဇ္ဇာဘာသာရပ်မှ သိပ္ပံဘာသာရပ်သို့ ပြောင်းရွှေ့ခွင့်ရသူများ ငွေလက်ခံဌာနတွင် လက်တွေ့ကြေး ပေးသွင်း ရမည်။

 

နေ့သင်တန်းကျောင်းပြောင်းခြင်း

၁။       အခြားတက္ကသိုလ်ပြောင်းရွှေ့မည့်သူများ ကျောင်းအပ်ငွေသွင်းပြီးမှ ကျောင်းပြောင်းရန်။ မိဘဝန်ထမ်း ဖြစ်ပါက ကျောင်းအပ်ရန်မလို။

၂။       ကျောင်းပြောင်းကြေး(၁၀၀)ကျပ် ပေးသွင်းမှသာ ကျောင်းပြောင်းအတည်ပြုမည်။

၃။       အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ(၂)စောင်

၄။       မြို့နယ်တွင်းနေထိုင်ကြောင်း ထောက်ခံစာမူရင်းနှင့်မိတ္တူ(၂)စောင်

၅။       ဦးလေး၊ အဒေါ်၊ အဖိုး၊ အဘွားတော်စပ်ကြောင်း အိမ်ထောင်စုစာရင်း မှတ်ပုံတင်အထောက်အထား များပြည့်စုံစွာယူဆောင်လာပါရန်။

 

နေ့သင်တန်းမှ အဝေးသင်သို့ပြောင်းရွှေ့လျှင် လိုအပ်သည့်အချက်များ

၁။       (ဟင်္သာတဌာနခွဲမှအပ) အိမ်ထောင်စုစာရင်းမူရင်းနှင့် မိတ္တူ(၂)စောင်။

၂။       ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံစာမူရင်းနှင့် မိတ္တူ(၂)စောင်။

၃။       မိဘဝန်ထမ်းဖြစ်ပါက ပြောင်းရွှေ့မိန့်မိတ္တူတင်ပြရန်။

၄။       ပထမနှစ်ဖြစ်လျှင် အမှတ်စာရင်းမိတ္တူ။

၅။       ဓါတ်ပုံ(၅)ပုံ။

Leave a Reply

Your email address will not be published. Required fields are marked *