Announcement 3

၂၀၁၈ ပညာသင်နှစ် Assignment တင်သွင်းမှု ကြေညာချက်

 

ရန်ကုန်အဝေးသင်တက္ကသိုလ် သင်တန်းနှစ်အသီးသီးအတွက် သင်တန်းများဖွင့်လှစ်ပြီးနောက် ကျောင်းသားကျောင်းသူများသည် အချိန်မီကျောင်းအပ်နှံကြရန်နှင့် Assignment များကို သတ်မှတ်ရက် များအတိုင်း တင်သွင်းကြရန်ဖြစ်ပါသည်။

Assignment တင်သွင်းရာတွင် ကျောင်းသား/သူများကိုယ်တိုင်ဖြေဆို၍ သက်ဆိုင်ရာဌာနများတွင် အချိန်မီတင်သွင်းကြရမည်ဖြစ်ပါသည်။

ယခုအခါ ရန်ကုန်အဝေးသင်တက္ကသိုလ်သည် ၂၀၁၈ ပညာသင်နှစ်မှစတင်၍ Assignment တင်သွင်းမှုကို Online မှတစ်ဆင့် email ဖြင့် လက်ခံရန် စမ်းသပ်ဆောင်ရွက်နေပါသည်။ သို့ဖြစ်ပါ၍ ရန်ကုန်အဝေးသင်တက္ကသိုလ် ကျောင်းသား/သူများသည်  Online  မှ Assignment တင်သွင်းပါက အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ပေးပို့ကြရန် ဖြစ်ပါသည်-

၁။        မိမိလက်ရေးဖြင့် ဖြေဆိုရမည်။

၂။         အမည်၊ ခုံအမှတ်၊ အထူးပြုဘာသာ၊ အတန်း၊ ဌာနခွဲအမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် လိပ်စာတို့ကို ပြည့်စုံစွာရေးသားရမည်။

၃။        ဖြေဆိုပြီးသော Assignment များအား ထင်ထင်ရှားရှားပေါ်လွင်အောင် ဖုန်းဖြင့် ဓါတ်ပုံရိုက်၍ သော်လည်းကောင်း (သို့မဟုတ်) Scan ဖတ်၍ PDF Format ဖြင့်သော်လည်းကောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်၏ လိပ်စာတစ်ခုဖြစ်သော yudeassignment@gmail.com သို့ သတ်မှတ်ရက်အတွင်း ပေးပို့ရမည်။

 

 

ရန်ကုန်အဝေးသင်တက္ကသိုလ်

(ဟင်္သာတဌာနခွဲ)

Leave a Reply

Your email address will not be published. Required fields are marked *